ရင်သားကင်ဆာအကြောင်းသိကောင်းစရာ

Share on facebook
Facebook
Share on telegram
Telegram

ရင်သားကင်ဆာသည် လူသားများအတွက် ရှေးအကျဆုံး ဝေဒနာတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ ခန့်က စတင်ကာ ဖြစ်ပွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချိန်က ရင်သားကင်ဆာဖြစ်လာလျှင် ကုရာနတ္ထိဆေးမရှိဟု လက်ခံထားခဲ့ကြကာ ယနေ့ခေတ်တိုင်အောင် ထိုဝေဒနာ ခံစားရသူများအတွက် ပျောက်ကင်းစေရန် မစွမ်းဆောင်ပေးနိုင်သောကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် အသက်ဆုံးရှုံးခဲ့ရသူတွေ များစွာရှိခဲ့ပါတယ်။

 

စာရင်းဇယားများအရ အစ္စရေးနိုင်ငံနှင့် အနောက်ဥရောပနိုင်ငံများအတွင်း ရင်သားကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အာရှ နိုင်ငံများသည် ထိုနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုအလွန်နည်းသည်ဟု ဆိုနိုင်ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ စားသောက်နေထိုင်ပုံ စရိုက်များ ကွာခြားခြင်းကြောင့် ဖြစ်ပါတယ်။ ထိုသို့ ဖြစ်ရခြင်းကို နို့နှင့် နို့ထွက်ပစ္စည်းများကို အစားအများဆုံးဖြစ်နေ၍လားဟူ၍ ပြန်လည်သုံးသပ်လျက် ရှိနေကြပါတယ်။

 

ဆေးလိပ်သောက်ခြင်းသည် ရင်သားကင်ဆာဖြစ်မှုကို တိုးပွားစေနိုင်ပြီး များများသောက်ပါက များများဖြစ်မှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း တိုးပွားလာသည်ဟုလည်း အစီရင်ခံစာတစ်စောင်တွင် တွေ့ရပါတယ်။ ဆေးလိပ်ကို စွဲမြဲစွာသောက်သူများ၏ ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်။

 

မိခင်နို့တိုက်ကျွေးခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားမှု လျှော့နည်းခြင်း ဆက်စပ်မှုရှိကြောင်းကို အမျိုးမျိုးအဖြေထုတ်ကြပါတယ်။ အချို့အစီရင်ခံစာများက ဆက်စပ်မှုရှိသည်ဟုပြောပြီး၊ အချို့က ဆက်စပ်မှုမရှိဟုဆိုသည်။ အစားအသောက်နှင့် ရင်သားကင်ဆာဖြစ်မှုကလည်း ဆက်စပ်နေပါတယ်။ အဆီများသောအစားအသောက်များ စားလွန်းသူများတွင် ရင်သားကင်ဆာအဖြစ်များပါတယ်။ အရက်သောက်ခြင်း၊ အဝလွန်ခြင်းတို့ကလည်း ကင်ဆာဖြစ်ပွားစေပါတယ်။ ကင်ဆာဖြစ်ရခြင်းအခြားအကြောင်းများတွင် ရေဒီယိုသတ္တိကြွမှုများသည့်နေရာများတွင် အလုပ်လုပ်ခြင်း၊ ဓာတုဗေဒဆေးဝါး လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း၊ ပိုးသတ်ဆေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများမှာလည်း ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။

 

အမျိုးသမီးများ၏နို့အတွင်း၌ ပြွန်ချောင်းလေးများနှင့် အကျိတ်များ (ducts and glands) သည် စပျစ်သီးအခိုင်များ သဖွယ် စုစည်းတည်ရှိနေကြပြီး ထိုပြွန်ချောင်းကလေးများသည် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် သေးငယ်သောအရွယ် အစားများဖြစ်ကြပါတယ်။ ထိုပြွန်ချောင်းလေးများသည် အမျိုးသမီးများ ရာသီလာချိန်တွင် ပြန့်ကားသွားတတ်ကာ ထိုကာလအတွင်း ဟော်မုန်းများကို လျှို့ဝှက်စွာဖြင့် ထုတ်ပေးနေသည်ဟုဆိုနိုင်ပါတယ်။ ထိုအချိန်တွင် နို့များမှာ တင်းလာမည် ဖြစ်ပါတယ်။ နောက်ပိုင်းတွင် ထိုပြွန်လေးများ ပုံမှန်အနေအထားသို့ ပြန်ရောက်သွားပါတယ်။

 

အမျိုးသမီးများ မွေးဖွားပြီးချိန်တွင် သွေးထဲသို့ ဟော်မုန်းများစီးဝင်လာချိန်၌ အကျိတ်များကလည်း ကျယ်ပြန့်သွားပြီးနို့ကို ထွက်စေပါတယ်။ ထိုနို့များသည် ပြွန်ချောင်းလေးများတစ်လျှောက် စီးဝင်လာပြီး နိုးသီးခေါင်းအတွင်းရောက်လာကာ ထိုမှ တစ်ဆင့် ကလေးက စုပ်ယူသောက်သုံးနိုင်ပါတယ်။ နို့ထွက်သည့် ပြွန်ချောင်းတစ်သျှူးလေးများသည် အလွန်နုညံ့ပြီး ဟော်မုန်းဓာတ်ပြောင်းလဲချိန်တွင် ကင်ဆာဖြစ်နိုင်သည့်အနေအထားသို့ ရောက်သွားနိုင်သည်ဟုလည်း ဆိုကြပါတယ်။

 

ကင်ဆာဖြစ်တည်လာခြင်းသည် အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဖြစ်ပေါ်လာတတ်သည့် ဟော်မုန်းများနှင့် ဆက်စပ်နေသည်။ ဟော်မုန်းဓာတ်ထုတ်လွှတ်မှုအကြိမ်ကြိမ်ခံစားရမှု ကြာရှည်လျှင် နာဖျားသလို မအီမသာဝေဒနာခံစားရပါတယ်။ ထိုအချိန်တွင် အရေပြားကင်ဆာကဲ့သို့ အစက်အပြောက်လေးများ ရင်သားပေါ်တွင် စတင်ပေါ်လာတတ်သည်။ ထိုအစက်အပြောက်များသည် ရင်သားပေါ်တွင် ပျံ့နှံ့ရာမှ နောက်ပိုင်းတွင် အတွင်းပိုင်းအထိ ကူးစက်သွားပါတယ်။

 

ရင်သားကင်ဆာသည် ယနေ့ အမျိုးသမီးကြီးငယ်မဟူ ရင်ဆိုင်ကြုံတွေ့နေရသည့် ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ၂၀ ရာစုကတည်းက ရင်သားကင်ဆာကုထုံးများ နည်းလမ်းပေါင်းစုံ တွေ့ရှိခဲ့ကြပါတယ်။ ဓာတ်ရောင်ခြည်ကုထုံး၊ အာထရာ ဆောင်းရိုက်သည့်ကုထုံး၊ MRI ကုထုံးများကို အသုံးပြုပြီး ကုသခဲ့ကြပါတဘ်။ အများဆုံးကုထုံးမှာ ဓာတ်ရောင်ခြည် ကင်သည့်နည်းဖြစ်သည်။ MRI ကုထုံးသည် ဈေးကြီးသဖြင့် ကုသမှုနည်းပါတယ်။ အာထရာဆောင်းရိုက်သည့်ကုထုံးမှာ ဈေးနည်းပြီး ထိရောက်မှု သိပ်မရှိသောကြောင့် ကုသမှုခံယူခြင်း သိပ်မရှိကြပါ။

 

ရင်သားကင်ဆာအတွက် အကောင်းဆုံးကုသခြင်းမှာ ခွဲစိတ်ကုသခြင်းသာဖြစ်ပါတယ်။ ခွဲစိတ်ကုသပြီးနောက် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးများကို ဆက်လက်ခံယူရန် လိုအပ်ပါတယ်။ စောစောသိ၊ စောစောကုသခြင်းကပိုကောင်းမွန်ကာ အသက် ၅၀ မကျော်မီအတွင်း ကုသခြင်းသည် ပိုထိရောက်ပြီး သက်သာစေနိုင်ပါတယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်မသောက်ခြင်း စတာတွေက ထိရောက်သည့် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများဖြစ်ပါတယ်။

Viber channel >>> https://bit.ly/3SMuYu2

Telegram channel >>> https://t.me/sulubpharmacy

Instagram >>> https://bit.ly/3U9pB9i

 

#SuLub

#ရင်သားကင်ဆာ

#ဆုလာဘ်မှာဆိုစိတ်ချရတယ်

#ဆုလာဘ်ဆေးဆိုင်နှင့်အဆင့်မြင့်ဆေးခန်း

လူဖတ်အများဆုံး ဆောင်းပါးများ

တုပ်ကွေးရောဂါဆိုတာဘာလဲ
ကျန်းမာရေး ဆောင်းပါးများ

တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ………

အထွေထွေရောဂါ

အဆုတ်ရောင်နမိုးနီးယားအကြောင်းသိကောင်းစရာ

သာမာန်အဆုတ်ရောင်ခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန် နိုင်ပါတယ်။ မွေးကင်းစကလေးများ၊ ကလေးငယ်များ နှင့် အသက် ၆၅ နှစ်နှင့် အထက် လူကြီးများ ဟာ အဆုတ်ရောင် နမိုးနီးယားရောဂါကို ပိုမို ခံစား ရလေ့ရှိပါတယ်။ …