လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ
လေးဖက်နာရောဂါ ဆိိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘဝနဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်တာကစပြီး ချည့်နဲ့သွားကာ အလုပ်ခွင်မဝင်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။
ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို သိသလောက် ရေးတာပါ။
✔ရောဂါ ဖြစ်နိုင်သူများ
၁။ မိသားစုဝင် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း။
၂။ ဆေးလိပ်သောက်သူများ။
၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ။
၄။ အသက်လေးဆယ်ကျော် အမျိုုးသမီးများ။
✔ရောဂါ လက္ခဏာများ
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ် လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။
နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်းဝတ်အဆစ်နဲံ လက်ကောက်ဝတ် အဆစ်တွေကတော့ အဖြစ်များပါတယ်။
နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ရာထချိန်မှာ ခြေဆစ်၊လက်ဆစ်ကလေးများ နာကျင်ပြီး တောင့်တင်းနေတတ်တာပါ။ ရောဂါကို မကုသဘဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလဖွဲ့စည်းပုံ ပျက်ပြီး ပုံပျက်တတ်ပါတယ်။
✔အခြားရောဂါ လက္ခဏာများ
လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က ကိုယ့်ကိုယ်ကိိုယ်ပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် Body
မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။
ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျော့ခြင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ ခြေလက်များ ထုံကျဥ်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ ပုပ်ခြင်း၊ အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။
✔ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?
အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။
၁။ အိပ်ရာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း။
၂။ ခန္ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း။
၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း။
၄။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း။
၅။ Rheumatiod Nodules ခေါ် အရေပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း။
၆။ သွေးထဲတွင် Rheumatoid Factor ရှိနေခြင်း။
၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခဏာများတွေ့ရခြင်း။
၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း။
ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?
အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင် နီးစပ်ရာ ဆရာဝန်နဲ့ တွေ့ပြီးပြသင့်ပါတယ်။ စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက််ခြင်းကို ကာကွယ်နိုင်ပါတယ်။
နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်းကို မလုပ်သင့်ပါဘူး။
✔ဘယ်လိုကုသမလဲ?
အဓိက ကုနည်းကတော့ ခန္ဓာကိုယ်ကို အနားပေးဖို့ပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။
ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။ လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလို့ ရတဲ့ရောဂါပါ။
Prednisalone နဲ့ စတီးရွိက်မဟုတ်သော အရောင်ကျဆေးများကို ဆရာဝန် ညွှန်ကြားသည့် အတိုင်းသောက် ရပါမယ်။
မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။
မိမိမှာ ယခုဖော်ပြပါ လက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့သွေးစစ်ပြီး လေးဖက်နာပိုးရှိ/မရှိ စစ်ဆေးဖို့လိုပါမယ်။
ဆုလာဘ်တွင် လေးဖက်နာအတွက် သွေးစစ်ခြင်းများ ပြုလုပ်လို့ရနေပြီဖြစ်ကြောင်းလည်း အသိပေးပါရစေရှင်။
#credit
#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဆိုင်နှင့်အဆင့်မြင့်ဆေးခန်း