ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက်ခြင်းကို ခန္ဓာကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။
ချောင်းဆိုးလျှင် ခံရ ဆိုးဝါးသကဲ့သို့ အချိန်လည်း ရှည်ကြာတတ်ပါသည်။
ကလေးများသည် ချောင်းဆိုးခြင်းကို ကာလရှည်ကြာ ခံစားရပါက ပင်ပန်းခြင်းကို ခံစားရနိုင်သည့်အပြင် အဆုတ်တွင် ဒဏ်ဖြစ်ခြင်းကဲ့သို့ နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ကလေးများတွင်အအေးမိချောင်းဆိုးခြင်းမဖြစ်စေရန် ကာကွယ်မှုများကို ပြုလုပ်သင့်ပါသည်။ ထိုသို့ ကာကွယ်ရာတွင် ခန္ဓာကိုယ်၏ ခုခံအားစနစ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
အောက်ပါ နည်းလမ်းများသည် ကလေးများကို ချောင်းဆိုးခြင်းဝေဒနာမဖြစ်ပေါ်စေရန် ကာကွယ်ရာတွင် အထောက်အကူပြုနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။
- အစိမ်းရောင်ရှိသော အသီးအနှံများကို ကျွေးခြင်း
- ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်စေခြင်း
- ဗီတာမင် ဒီ နှင့် ဗီတာမင်စီ ပမာဏလုံလောက်စွာ ရရှိစေရန် လုပ်ဆောင်ပေးခြင်း
- ခန္ဓာကိုယ်၏ တစ်နေ့တာ လိုအပ်သော ဇင့်ဓာတ် ပမာဏစားသုံးစေခြင်း
- လက်မကြာခဏဆေးခြင်းကဲ့သို့ ရောဂါပိုးမွှားများ ပျံ့နှံ့နိုင်သည့်လမ်းကြောင်းကို တားဆီးခြင်း
အထက်ပါနည်းလမ်းများကို ပြုလုပ်ခြင်းအားဖြင့် ကလေးများ အအေးမိ ချောင်းဆိုးခြင်း မဖြစ်စေရန် ကာကွယ်မှုများကို ပြုလုပ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။