သွေးတိုးရောဂါ (Silent Killer)

Share on facebook
Facebook
Share on telegram
Telegram

သွေးတိုးရောဂါ ရှိသူများရဲ့ သုံးပုံတစ်ပုံ ခန့်ဟာ မိမိမှာ သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်။ ဒါကြောင့်သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား(Silent Killer) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါ ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ ( နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) များရဲ့ အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။
သွေးတိုးဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေက

  • သွေးတိုးမျိုးရိုးရှိခြင်း
  • အဝလွန်ခြင်းနှင့် အထိုင်များခြင်း
  • ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးငုံခြင်း၊ ဝါးခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • စိတ်ဖိစီးမှုအလွန်များခြင်း
  • ဆီးချိုနှင့် ကျောက်ကပ်စသည့် နာတာရှည်ရောဂါများရှိခြင်း
  • ပိုတက်စီယမ်နှင့် ဗီတာမင် ဒီ လုံလောက်စွာမရခြင်း
  • အငံဓါတ် (ဆိုဒီယမ်) များသောအစားအစာများ စားသုံးခြင်း
  • အသက်အရွယ်ကြီးရင့်ခြင်း စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။

သွေးတိုးရောဂါ လက္ခဏာ တွေကတော့

  • အလွန် (သို့မဟုတ်) ရုတ်တရက် ခေါင်းကိုက်ခြင်း
  • ခေါင်းမူးခြင်း
  • မောခြင်း
  • နှာခေါင်းသွေးယိုခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အမြင်အာရုံဝါးခြင်းနဲ့
  • ဖောရောင်ခြင်း တို့ ဖြစ်ပါတယ်။

ဆောင်ရန် ၊ ရှောင်‌ရန်

  • ဆေးလိပ်ဖြတ်ပြီး အရက်ကန့်သတ်သောက်ပါ။
  • ဆား၊ အချိုမှုန့် စားသုံးမှုကို သတိပြုပါ။
  • ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
  • သင့်၏ကျန်းမာသောစားသောက်မှုပုံစံအတွက် အားဖြည့်ရန် လိုအပ်သော မာလ်တီဗီတာမင်များသုံးစွဲပါ။
  • ကိုယ်အလေးချိန်လျှော့ပြီး ထိန်းထားပါ။
  • သွေးတိုးမျိုးရိုးရှိသူအနေဖြင့် အသက် ၄၅ နှစ်အထက်တွင် တစ်ပတ်တစ်ခါ ပုံမှန်သွေးပေါင်ချိန်ခြင်းများ ပြုလုပ်သင့်ပါတယ်။

အိမ်သုံးသွေးပေါင်ချိန်စက်များ အသုံးပြုခြင်း

ပုံမှန်အထက် နှင့် အဆင့် ၁ သွေးတိုးရောဂါရှိသူများအနေဖြင့် အိမ်သုံးသွေးပေါင်ချိန်စက်များနှင့် တစ်နေ့ အနည်းဆုံး (၁) ကြိမ် တိုင်းတာ‌ပေးရပါမယ်။ အဆင့် (၂) နှင့် အထက် သွေးတိုးရှိသူများအနေဖြင့် ဆေးမသောက်မီ မနက်နှင့် ည ပုံမှန် တိုင်းပေးခြင်းဖြင့် မိမိသွေးပေါင်ချိန်ကို အစဥ်မပြတ်သိရှိနေပြီး လိုအပ်လာသောအခါမှာ ဆရာ၀န်နှင့် အချိန်မီ ဆေးကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဆရာ၀န်နှင့် ကုသမှုခံယူခြင်း

ဆရာဝန်နှင့် ကုသမှုခံယူရာမှာလည်း ကိုယ်ခန္ဓာ အခြေအနေပေါ်မူတည်ပြီး လူမှုဘဝ နေထိုင်ပုံ၊ စားသောက်မှုပုံစံ၊ ဆေး နဲ့ အခြား လှုပ်ရှားမှုများကို သေချာမေးမြန်းပြီး လိုက်နာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။

လူဖတ်အများဆုံး ဆောင်းပါးများ

အထွေထွေရောဂါ

အဆုတ်ရောင်နမိုးနီးယားအကြောင်းသိကောင်းစရာ

သာမာန်အဆုတ်ရောင်ခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန် နိုင်ပါတယ်။ မွေးကင်းစကလေးများ၊ ကလေးငယ်များ နှင့် အသက် ၆၅ နှစ်နှင့် အထက် လူကြီးများ ဟာ အဆုတ်ရောင် နမိုးနီးယားရောဂါကို ပိုမို ခံစား ရလေ့ရှိပါတယ်။ …

တုပ်ကွေးရောဂါဆိုတာဘာလဲ
ကျန်းမာရေး ဆောင်းပါးများ

တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ………

A common chronic cough in children
ကျန်းမာရေး ဆောင်းပါးများ

ကလေးတွေမှာဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးရောဂါ

ကလေးများတွင် နာတာရှည်ချောင်းဆိုးရောဂါ ဖြစ်စေနိုင်သည့်အကြောင်းရင်း များစွာရှိပါသည်။ မှန်ကန်သောကုသမှုကို ရရှိနိုင်ရေးအတွက် အကြောင်းရင်းကို ရှာဖွေရန် အလွန်အရေးကြီးပါသည်။ အဖြစ်များဆုံးအကြောင်းရင်းများမှာ…..