ယနေ့ ဆောင်းပါးလေးမှာတော့ နှလုံးသွေးကြောကျဥ်းရောဂါ ဘာလို့အဖြစ်များတာလဲ ဆိုတာလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ်တရက်ဝုန်းကနဲထဖြစ်တဲ့ ရောဂါမျိူးမဟုတ်ဘဲ ဖြည်းဖြည်းခြင်းတည်ဆောက်ပြီးမြှဖစ်တဲ့ရောဂါမို့ ရောဂါတော်တော်ရင့်မှ ဒါမှမဟုတ် သွေးကြောလုံးလုံးပိတ်မှ သတိထားမိတာမျိူးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီးလဲရှိနေပါသေးတယ်။
ဒီအချက်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေပါတယ် ဆိုပြီး အတိအကျထောက်ပြလို့ရတဲ့ အကြောင်းအရင်း မရှိပေမယ့် risk factors လို့ခေါ်တဲ့ ရောဂါဖြစ်မှုကို ပိုအားပေးတဲ့ အချက်တွေစုပေါင်းပြီး ဖြစ်လာစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့
– အဆီအစိမ့် အစားများခြင်း နှင့် သွေးတွင်းအဆီဓါတ်များခြင်း
– သွေးတိုးရောဂါရှိခြင်း
– ဆီးချိုရောဂါရှိခြင်း
– ဆေးလိပ်သောက်ခြင်း
– အဝလွန်ခြင်း နှင့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
– မိသားစု မျိုးရိုးတွင် ပုံစံတူ ရောဂါရှိခြင်း
– အသက်ကြီးလာတာနဲ့အမျှ သွေးကြောပျက်စီးမှုများပြီး ဖြစ်နိုင်ချေများလာနိုင်ပါတယ်
– အသက်အလတ်ပိုင်းမှာတော့ အမျိုးသားတွေက ဖြစ်နိုင်ချေ ပိုများပေမယ့် ၊ သွေးဆုံးပြီးချိန် နောက်ပိုင်းမှာတော့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေပိုမြင့်သွားပါတယ်။
ဘယ်လိုကုသမလဲ?
ဒီရောဂါအတွက် ထိရောက်သော ဆေးဝါးတွေရှိပေမယ့် အဓိကက နေ့စဉ်နေ့ထိုင်မှုပုံစံကို ပြောင်းလဲမှသာ ရမှာပါ။
– ဆေးလိပ်သောက်တတ်လျှင် လုံးဝဖြတ်သင့်ပါတယ်
– အဆီအစိမ့်စားတာလျှော့စားရပါမယ်
– စိတ်ဖိစီးမှုများတဲ့ အခြေအနေကို စိတ်ထားတတ်အောင်ပြုပြင်ရမယ်
– ကိုယ်အလေးချိန်ကို မဝလာအောင် ထိန်းရမယ်
– ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်းလုပ်သင့်တယ်
– သွေးတိုးရှိလျှင် ဆေးမှန်မှန်သောက်ရင်း သွေးမတက်အောင် ထိန်းထားရမယ်
– သွေးတွင်းအဆီဓါတ်လျှော့ချပေးတဲ့ ဆေးကိုရေရှည်စွဲသောက်ရမယ်
ဆေးဝါးအနေနဲ့ တော့ အရေးပေါ်အခြေအနေမှာသုံးတဲ့ NITRATES ဆေးများ၊ ရေရှည်မှာ စွဲသောက်ရမယ့် B-BLOCKERS, CALCIUM CHANNEL BLOCKERS, ANTI-PLATELET DRUGS, ACEI DRUGS တို့ဆိုပြီး ရှိပါတယ်။ နောက်ပိုင်း alternative medicine လို့ခေါ်တဲ့ ကုသမှုတစ်ခုအနေနဲ့ OMEGA-3 (FATTY ACIDS) ကို ညွှန်းပေးတာတွေလည်းရှိလာပါတယ်။
OMGA 3 Salmon Oil ကို ဆုလာဘ် ဆိုင်ခွဲများအားလုံးတွင် ဝယ်ယူရရှိနိုင်ပါသည်။
အိမ်အရောက်မှာယူလိုပါက Ph No. 09 944 144 770 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။