အဆုတ်ရောင်နမိုးနီးယားအကြောင်းသိကောင်းစရာ

Share on facebook
Facebook
Share on telegram
Telegram

အဆုတ်ရောင်နမိုးနီးယားအကြောင်းသိကောင်းစရာ

အဆုတ်ရောင်နမိုးနီးယားဆိုသည်မှာ ရောဂါပိုး၀င်ရောက်ခြင်းကြောင့် အဆုတ်တွင်းရှိ လေအိတ် များ ရောင်ရမ်းခြင်းကို ဆိုလိုပါတယ်။ ရောဂါပိုး၀င်ရောက်လာခြင်းကြောင့် လေအိတ်များထဲတွင် အရည် (သို့) ပြည်များဖြင့်ပြည့်နှက်လာပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူ ခက်ခဲခြင်း တို့ကို ခံစားရပါတယ်။ သာမာန်အဆုတ်ရောင်ခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန် နိုင်ပါတယ်။ မွေးကင်းစကလေးများ၊ ကလေးငယ်များ နှင့် အသက် ၆၅ နှစ်နှင့် အထက် လူကြီးများ ဟာ အဆုတ်ရောင် နမိုးနီးယားရောဂါကို ပိုမို ခံစား ရလေ့ရှိပါတယ်။
ဖြစ်ပွားစေတဲ့ အကြောင်းရင်း
နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ လေထုထဲမှာရှိ တဲ့ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတွေဖြစ်ပါတယ်။
အဆုတ်ရောင်ရောဂါ အမျိုးအစားများ
အဓိက အမျိုးအစားအားဖြင့် (၃) မျိုးခွဲခြားနိုင်ပါတယ်။
(၁) လုထုအတွင်းမှ ကူးစက်ပျံ့နှံ့သော အဆုတ်ရောင်ရောဂါ
(၂) ဆေးရုံ ပတ်၀န်းကျင်မှ ကူးစက်ပျံ့နှံ့သော အဆုတ်ရောင်ရောဂါ
(၃) ကျန်းမာရေး အထောက်အကူပစ္စည်းများကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ
နမိုးနီးယား ရောဂါဖြစ်ပွားနိုင်ခြေများ
– အသက် ၂ နှစ်အောက်ကလေးများ
– အသက် ၆၅ နှစ်အထက် လူကြီးများ
– ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သော ရောဂါရှိသူများ
– ခုခံအားနည်းသူများ
– ဆေးလိပ်သောက်သူများတို့ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ရှေ့ပြေးလက္ခဏာအနေနဲ့ အများအားဖြင့် အဖျား၀င်ခြင်း၊ ချမ်းတုန်ခြင်း တို့ကို ခံစားရတတ်ပြီး အသက် ၆၅ နှစ်အထက် လူကြီးများ၊ ခုခံအားစနစ်အားနည်းနေသူများတွင် သာမာန်ကိုယ်အပူချိန်ထက် လျော့နည်းခြင်း၊ ချောင်းဆိုးချွဲထခြင်း၊ အသက်ရှူလျှင်၊ ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမ၀ခြင်း၊ နုံးချိခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။
ကုသခြင်း
ကုသမှုမှာ ရောဂါပိုးကို အမြစ်ပျောက်အောင် ကုသခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်အောင် ကာကွယ်ခြင်းဆိုပြီး (၂)ပိုင်း ရှိပါတယ်။ ရောဂါအမျိုးအစားနှင့် ပြင်းထန်မှု၊ အသက်အရွယ်ပေါ်မူတည်ပြီး ကုသမှုကွဲ ပြားနိုင်ပါတယ်။
ရောဂါဖြစ်စေတဲ့ ပိုးမွှားပေါ်မူတည်ပြီး ပဋိဇီ၀ဆေးဝါးကို ၃ ရက်မှ ၂ ပတ်အထိ ပေးလေ့ရှိပါတယ်။ ဗိုင်းရပ်ကြောင့် ဖြစ်တာဆိုရင်တော့ ဗိုင်းရပ်စ်သတ်ဆေးကို အသုံးပြုပါတယ်။ တစ်ပတ်မှ သုံးပတ်အတွင်း သက်သာလာလေ့ရှိပါ တယ်။
အဖျားကျစေရန် အိုင်ဗျူပရိုဖန် (Ibuprofen) (သို့)အက်စပရင် (Aspirin) ဆေးဝါး အသုံးပြုနိုင်ပါတယ်။ အောက်ပါလက္ခဏာများတွေ့ရှိရပါက ဆေးရုံသို့ အမြန်ဆုံးခေါ်ဆောင်သွားပါ။
အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ အဆုတ်ရောင်ရောဂါဖြစ်လျင်
– ပျို့အန်လျှင်
– သတိမမှန်တော့လျှင်
– သွေးပေါင်ကျလျှင်
– အသက်ရှူမြန်လျှင်
– အသက်ရှူမ၀လျှင်
– သာမန်အပူချိန်ထက် လျော့နည်းနေလျှင်
– သုံးနှစ်အောက် ကလေးဖြစ်လျှင်
– ကလေးငယ် မှိန်းနေလျှင်
– နှုတ်ခမ်းပြာနေလျှင်
– ရေဓာတ်ခန်းခြောက်နေလျှင်
– တက်လျှင်
နောက်ဆက်တွဲဆိုးကျိုးများ
– အခြားသောအင်္ဂါအစိတ်အပိုင်းများသို့ ဘက်တီးရီးယားပိုးများ ပျံ့နှံ့ခြင်း (သွေးဆိပ်တက်ခြင်း)
– အဆုတ်ပြည်တည်ခြင်း
– အဆုတ်အမြှေးပါး ၂ ခုကြား ရေခိုအောင်းခြင်း
– အသက်ရှူရခက်ခဲခြင်း
ကာကွယ်ခြင်း
အဆုတ်ရောင် နမိုးနီးယား ရောဂါမဖြစ်အောင် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်ပါ။
– အအေးမိရောဂါကာကွယ်ဆေး နှစ်စဉ်ထိုးပါ။
– အဆုတ်ရောင် နမိုးနီးယားရောဂါ ကာကွယ်ဆေးထိုးပါ။
– ကလေးများကို ကာကွယ်ဆေး အပြည့်အ၀ထိုးထားပေးပါ။
– လက်ကို အမြဲသန့်ရှင်းအောင်ထားပါ။
– ဆေးလိပ်မသောက်ပါနှင့်။
– လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာများ စားသုံးခြင်း၊ အိပ်ရေး၀၀အိပ်ခြင်းဖြင့် ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပါ။
– နှာချေလျင်ဖြစ်စေ၊ ချောင်းဆိုလျင်ဖြစ်စေ လက်ကိုင်ပဝါဖြင့် အုပ်ပါ ဒါမှမဟုတ် တံတောင်ဖြင့်ကာပါ။
အဆုတ်ရောင်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ မခံရအောင် –
– အအေးမိနေချိန်တွင် အပြည့်အ၀အနားယူပါ။
– လူထူထပ်သော နေရာများသို့ မသွားပါနှင့်။
– ရေများများသောက်ပါ။
– ပဋိဇီ၀ဆေးကို ဆရာ၀န်ညွှန်ကြားချက်အတိုင်း တိတိကျကျ သောက်ပါ။
– အရောင်စုံသစ်သီးများ၊ ကောက်နှံတစ်ခုလုံးပါ၀င်သော အစားအစာများ၊ ပရိုတင်းဓာတ်ကြွယ်၀စေတဲ့ အစားအစာ (ဥပမာ- ကြက်စွပ်ပြုတ်) စတာတွေဟာ ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အဆုတ်ရောင်နမိုးနီးယား ရောဂါမှ အမြန်ဆုံးသက်သာလာစေရန် ကူညီပေးပါလိမ့်မယ်။ အပြည့်အ၀အနားယူရန် လိုအပ်တာကြောင့် အရက်၊ ကော်ဖီ စတာတွေကို ရှောင်ရှားသင့်ပါတယ်။

#အဆုတ်ရောင်နမိုးနီးယားအကြောင်းသိကောင်းစရာ
#ဆုလာဘ်မှာဆိုစိတ်ချရတယ်
#ဆုလာဘ်ဆေးဆိုင်နှင့်အဆင့်မြင့်ဆေးခန်း

လူဖတ်အများဆုံး ဆောင်းပါးများ

Health News

သွေးတိုးရောဂါ (Silent Killer)

သွေးတိုးရောဂါ ရှိသူများရဲ့ သုံးပုံတစ်ပုံ ခန့်ဟာ မိမိမှာ သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်။

Healthy Eating

အမာရွတ်၊ အမဲစက်တွေသက်သာပျောက်ကင်းစေဖို့

အမာရွတ်ကင်းစင်ခြင်းသည် လှပသော အသားအရေကို ပိုင်ဆိုင်နိုင်ရန်အတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ဝက်ခြံပေါက်ခြင်းကဲ့သို့သော အကြောင်းများကြောင့် အရေပြားပေါ်တွင် အမာရွတ်များသည် ကျန်ရှိခဲ့ကြလေ့ ရှိပါသည်။ အမာရွတ်တို့၏ …..

Health News

ကလေးများကို ချောင်းဆိုးခြင်းဝေဒနာမဖြစ်ပေါ်စေရန် ကာကွယ်နိုင်မည့်နည်းလမ်းများ

ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက်ခြင်းကို ခန္ဓာကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။