ကိုယ်ခံအားစနစ် (Immune System) ဆိုတာ သင့် ခန္ဓာကိုယ် အတွက် ကူးစက်ရောဂါနှင့် ဖျားနာမှုမဖြစ်စေဖို့ခုခံကာကွယ်ပေးတဲ့စနစ် ဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်က သင့်ခန္ဓာကိုယ်ကို ဝင်ရောက်တိုက်ခိုက်လာမယ့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကဲ့သို့ ရောဂါပိုးများကို တိုက်ခိုက်ပေးသည့်အပြင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မကောင်းမွန်တဲ့ဆဲလ်များ (သို့မဟုတ်) ထိခိုက်ပျက်စီးနေသောဆဲလ်များကိုလည်း ကူညီဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် ရာသီအကူးအပြောင်းမှာ ဖျားလွယ်သူတတ်တွေ၊ ကိုယ်ခံအား ကျစေနိုင်တဲ့ဆေးတစ်မျိုးမျိုးမှီဝဲနေသူတွေ နဲ့ ကိုယ်ခံအားနည်းရောဂါရှိသူတွေက အခြားသူတွေထက်ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။
နေ့စဥ်စားသုံးနေတဲ့ အစားအစာတွေမှာ ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ Vitamins (ဗီတာမင်ဓာတ်)နှင့် Minerals (သတ္တုဓာတ်) တွေ လုံလောက်စွာမပါတဲ့အတွက် ဒီလို လက္ခဏာ တွေ ခံစားနေရရင် သင့်ရဲ့ ကိုယ်ခံအားကို မြှင့်တင်ဖို့ မှန်ကန်တဲ့ ဖြည့်စွက်စာများ၊ Vitamins နှင့် Minerals ကို နေ့စဥ် သုံးစွဲသင့်ပါတယ်။