ဆံပင်ကျွတ်ခြင်း ကင်းဝေးပြီး ဆံသားလေး လှပနေစေဖို့

Share on facebook
Facebook
Share on telegram
Telegram

ဆံပင်ဟာ ဒုတိယ မျက်နှာလို့ ဆိုကြတဲ့ အတိုင်း အလှအပ ရေးရာမှာ အလွန် အရေးကြီးပါတယ်။ လူတိုင်းတစ်နေ့ကို ပုံမှန်ဆံပင် ၅၀ မှ ၁၀၀ကြားကျွတ် လေ့ရှိပါတယ်။ ဆံပင်ကျွတ်ခြင်းဟာ ယောကျာ်း မိန်းမ မရွေး၊ အရွယ်မရွေး ဖြစ်လေ့ရှိပြီး မျိုးရိုးဗီဇ၊ ဟော်မုန်း အပြောင်းအလဲ၊ ဆေးဝါးများသောက်သုံးခြင်းနှင့် တချို့သောရောဂါအခြေအနေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်း၊ ပါးခြင်းက လူမှုဘဝမှာ အခက်အခဲဖြစ်စေပါသည်။

 

ဆံပင်ကျွတ်တာက လူတိုင်း အသက်ကြီးလာရင် တွေ့ကြုံကြရမှာ ဓမ္မတာ ဖြစ်ပေမယ့် ယနေ့ခေတ်မှာတော့ အစားအသောက် အနေအထိုင် နှင့် ဓာတုဗေဒ ပစ္စည်းတွေ အလွန်အကျွံ သုံးစွဲနေတာကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေကြရပါသည်။ စိတ်ဖိစီးမူများခြင်းက ဆံပင် ကျွတ်ရခြင်းရဲ့ ဒုတိယ အများဆုံးဖြစ်ပါသည်။ ဆံပင်ကျွတ်တာ သက်သာဖို့ဆိုရင် သင့်တင့်လျှောက်ပတ်သော အာဟာရပြည့်ဝပြီး ဗီတာမင် ပြည့်ဝသော အစားအစာများ စားပေးခြင်းက ဆံပင်အတွက် အားကောင်းစေပါသည်။

 

ဆံသားလေး လှနေစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေက

  • ဗီတာမင် (စီ) က ဆံပင် မှာရှိတဲ့ hair follicle တွေ အတွက်လိုအပ်တဲ့ Collagen တည်ဆောက်တဲ့ နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဖြစ်ပါသည်။
  • ဗီတာမင်(ဘီ)က ဇီဝကမ္မ ဖြစ်စဉ်များကို ကောင်းစေရုံ သာမက ဆံပင်နဲ့ အသားအရေ ပါ ကောင်းမွန်စေပါသည်။
  • ဗီတာမင်(အီး) က ဦးရေပြား အတွက် အစွမ်းထက်တဲ့ ဗီတာမင်တစ်ခု ဖြစ်ပါသည်။

ဗီတာမင်များ အလုံအလောက်မမှီဝဲနိုင်ပါက ဆရာဝန်ညွှန်ကြားတဲ့ ဖြည့်စွက် အားဆေးများစားပေးနိုင်ပါသည်။ပုံမှန်ထက် ဆံပင်ကျွတ်မှုများပြီး ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကို ရှာမတွေ့ခဲ့ရင် သင့်လျော်သော ကုသမှုခံယူနိုင်ရန်အတွက် အရေပြားဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

လူဖတ်အများဆုံး ဆောင်းပါးများ

အထွေထွေရောဂါ

အဆုတ်ရောင်နမိုးနီးယားအကြောင်းသိကောင်းစရာ

သာမာန်အဆုတ်ရောင်ခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန် နိုင်ပါတယ်။ မွေးကင်းစကလေးများ၊ ကလေးငယ်များ နှင့် အသက် ၆၅ နှစ်နှင့် အထက် လူကြီးများ ဟာ အဆုတ်ရောင် နမိုးနီးယားရောဂါကို ပိုမို ခံစား ရလေ့ရှိပါတယ်။ …

အထွေထွေရောဂါ

တီဘီရောဂါအကြောင်းသိကောင်းစရာ

တီဘီရောဂါ Tubercle Bacillus (TB) ရောဂါဟာ မိုက်ကိုဘက်တီးရီးယား ရောဂါပိုးအမျိုးမျိုးတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သာမန်နှင့် ရံဖန်ရံခါ သေစေလောက်သည့် …..