Vitamin E ကို ‌နေ့စဥ်သောက်သုံးသင့်လား?

Share on facebook
Facebook
Share on telegram
Telegram
  • Vitamin E သည် ကျွန်ုပ်တို့ နေ့စဥ်လိုအပ်သော ဗီတာမင်ဓာတ်များထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
  • Vitamin E ကို သောက်သုံးသောအခါ အလွန်အမင်းမဖြစ်စေဖို့လည်း လိုအပ်ပါတယ်။ မည်သည့်ဆေးမဆို ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးတွေလည်း ရှိတတ်ပါတယ်။
  • Vitamin E ကို နေ့စဥ်လိုအပ်သည့် ပမာဏသောက်သုံးပါက အမြင်အာရုံကောင်းမွန်စေခြင်း၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို ကူညီပေးခြင်း၊ အသားအရေတွင် collagenဓာတ်ဖြည့်တင်းပေးနိုင်ပြီး အသားအရေကို စိုပြေလှပစေခြင်း စသည့်ကောင်းကျိုးများစွာရှိပါတယ်။
  • Vitamin E သောက်သုံးပေးခြင်းက အမျိုးသမီးတို့၏ မျိုးဆက်ပွားကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသည်။
    ကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင် အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ခံစားရသော ခေါင်းကိုက်မှုတွေ သက်သာစေဖို့ antioxidant ပါဝင်တဲ့ Vitamin E ကိုလည်း သောက်သုံးပေးသင့်ပါတယ်။
  • Vitamin Eနှင့် မတည့်ခြင်း (သို့) အလွန်အမင်းသောက်သုံးမိပါက ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နုံးခွေခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ယား၍ အနီပြင်ထခြင်းစသည့် ဝေဒနာများ ခံစားရနိုင်ပါတယ်။
  • နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အသည်းရောဂါနှင့် ဆီးကျိတ်ရောဂါစသည့်ရောဂါများ ရှိနေပါက ဗီတာမင်အီးမသောက်ခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လူဖတ်အများဆုံး ဆောင်းပါးများ

တုပ်ကွေးရောဂါဆိုတာဘာလဲ
ကျန်းမာရေး ဆောင်းပါးများ

တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ………

To strengthen children's immunity
ကျန်းမာရေး ဆောင်းပါးများ

ကလေးလေးတွေ ကိုယ်ခံအားကောင်းစေဖို့

မိခင်၏နို့ရည်သည် သားသားမီးမီးတို့၏ခန္ဓာကိုယ်အတွက် အကောင်းဆုံး၊ အာဟာရအစုံလင်ဆုံး အရာတစ်ခုပင်ဖြစ်ပါသည်။မိခင်၏နို့ရည်ကို အနည်းဆုံး ၆ လ ကြာအောင် တိုက်ကျွေးထားသောကလေးငယ်များသည်….