ယခုလို ပူအိုက်တဲ့ ကာလမှာ လှုပ်ရှားမှုပြုလုပ်တိုင်း ခန္ဓာကိုယ်အပူချိန်မြင့်မားပြီး ချွေးထွက်များလာပါတယ်။ ချွေးထွက်များခြင်းကြောင့် ရေဓာတ်ကုန်ဆုံးပြီး ခေါင်းမူး၊ ခေါင်းကိုက်နဲ့ နုံးချိတာတွေအပြင် တခြားဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
ရာသီဥတု အပူချိန်များလာရင်
- အရိပ်ရ၍ အေးသောနေရာတွင်နေပါ။
- နေရောင်ခြည်နှင့် တိုက်ရိုက်မထိစေရန် လုံခြုံသောအဝတ်များဝတ်ဆင်ပါ။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် များကို တပ်ဆင်ပါ။
- ရေများများသောက်ပါ။
- ရေဓာတ်ပြန်လည်ဖြည့်ပေးတဲ့ အသီးအနှံစားပါ (သို့မဟုတ်) ဓာတ်ဆားသောက်ပါ။
- အရေပြားထိခိုက်မှုမရှိအောင် ကာကွယ်ဖို့ SPFမြင့်တဲ့နေလောင်ကာခရင်မ်လိမ်းပါ။
- အရောင်ဖျော့ဖျော့၊ မတင်းမကျပ်လွန်းတဲ့အဝတ်အစားကိုရွေးချယ်ပါ။
- အပြင်မှ ပြန်ရောက်တာနဲ့ ခေါင်းလျှော်ရေချိုးခြင်းများ ရှောင်ကြဥ်ပါ။
ပူပြင်းလာတဲ့ရာသီဥတုမှာ အားလုံးဘေးအန္တရာယ် ကင်းရှင်းကြစေဖို့ ဒီအချက်အလက်လေးတွေကို လိုက်နာပေးကြပါနော်။